ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်(M.W.R.N)၏ တစ်နှစ်တာကာလအတွင်း လုပ်ဆောင်ခဲ့မှုများ
ကော်မတီအဖွဲ့၏လစဉ်အစည်းအဝေး
ကော်မတီအဖွဲ့၏လစဉ်အစည်းအဝေးကို (၁၇)ကြိမ် ပြုလုပ်ပြီး အဖွဲ့၏စည်းကမ်းချက်များရည်မှန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ခဲ့သည်။
ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်(M.W.R.N) သင်းလုံးကျွတ်အစည်းအဝေး
အဖွဲ့၏ ပထမအကြိမ် သင်းလုံးကျွတ်အစည်းဝေးပွဲကြီးကို ၃၀.၈.၂၀၀၉ နေ့ရက်တွင် ဆေးပေါင်းကျောင်းတွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး အဖွဲ့ဝင်များနှင့် လေ့လာသူဧည့်သည်တော်များ ၁၃၀ ကျော်တက်ရောက်ခဲ့ပါသည်။
ကော်မတီအဖွဲ့၏ရှေ့လုပ်ငန်းစဉ်ချမှတ်ရေးဆွဲခြင်း
၃၁.၅.၂၀၀၉-၁.၆.၂၀၀၉ ထိ (၂)ရက်တိုင်တိုင် ကော်မတီဝင်များ တာဝန်ခွဲဝေမှုများ၊ ရှေ့ဆက်လုပ်ငန်းစဉ်ရေးဆွဲမှုများကို ပြုလုပ်ခဲ့ကြသည်။
၂၉-၃၀.၁၁.၂၀၀၉ တွင် (၂)ရက်တိုင်တိုင် ကော်မတီအဖွဲ့ဝင်များအသစ်ပြန်လည်ဖွဲ့စည်းပြီး ရှေ့ဆက်လုပ်ငန်းစဉ်များချမှတ်ရေးဆွဲခြင်းများပြု လုပ်ခဲ့ပါသည်။
ဘာသာရေးပွဲတော်များပါဝင်ပူးပေါင်းကျင်းပခြင်း
-၂၇.၉.၂၀၀၉ နေ့တွင် ရွှေ့ပြောင်းအလုပ်သမားများနှင့်ပူးပေါင်း၍ စာသင်သားသံဃာတော်ပူဇော်ပွဲကြီးကို ဆေးပေါင်းကျောင်း၌ကျင်းပနိုင်ခဲ့ ပြီး အလုပ်သမားများ ၂၀၀၀ကျော် တက်ရောက်ပူဇော်ခဲ့ပါသည်။ အဖွဲ့အနေဖြင့် တက်ရောက်လာသောအလုပ်သမားများကို ပညာပေးစာ စောင်များဖြန့်ဝေခြင်း၊ ယာယီပတ်စ်ပို့ အကြောင်းရှင်းလင်းဟောပြောခြင်းများပါ ပြုလုပ်ပေးခဲ့ပါသည်။
-၄.၁၀.၂၀၀၉ နေ့တွင် ဆေးပေါင်းကျောင်း၌ ဆီမီးတစ်ထောင်ပူဇော်ပွဲကို ဦးဆောင်ကျင်းပခဲ့ပြီး အဖွဲ့ဝင် ၈၀ ခန့်နှင့် အလုပ်သမား၁၀၀ခန့် ပါဝင်ပူဇော်ခဲ့ကြပါသည်။
-၃၀.၁၂.၂၀၀၉ နေ့တွင် ဆေးပေါင်းကျောင်းရဟန်းခံရှင်ပြုပွဲနှင့်တရားစခန်းပွဲတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။
-၁၃.၄.၂၀၀၉ နေ့တွင် ၀ပ်ခေါင်မဒေယာကျောင်း ရဟန်းခံရှင်ပြုနှင့်တရားစခန်းပွဲကို ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဆိုင်ရာလှုပ်ရှားမှု
၅.၁၂.၂၀၀၉ နေ့ရက်တွင် ဘုရင့်မွေးနေ့အထိမ်းအမှတ်သန့်ရှင်းရေးပြုလုပ်ခြင်းကို မူဆီဝပ်ထစ်ကျောင်းတွင်ပြုလုပ်ခဲ့ပြီး အဖွဲ့ဝင်နှင့်အလုပ်သ မားပေါင်း ၁၅၀ ကျော်တက်ရောက်၍ ပညာပေးဟောပြောပွဲနှင့်သန့်ရှင်းရေးတို့ကို စုပေါင်းကျင်းပနိုင်ခဲ့သည်။
၁၄.၂.၂၀၁၀ နေ့ရက်တွင် အဖွဲ့မှဦးဆောင်၍ အင်အား ၂၀၀ ကျော်တို့သည် ပင်လယ်ကမ်းခြေသစ်ပင်စိုက်ခြင်းကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ ပါသည်။
အလုပ်သမားအခွင့်အရေးဆိုင်ရာ တောင်းဆိုလှုပ်ရှားမှုများ
၁၅.၁၁.၂၀၀၉ နေ့တွင် ယာယီပတ်စ်ပို့ပြုလုပ်ခြင်းနှင့်အလုပ်သမားအခွင့်အရေးကိုရှင်းလင်းခြင်းစည်းဝေးပွဲကြီးကို ၀ပ်ပေါင့်ကျောင်းတွင် H.R.D.F အဖွဲ့နှင့်ပူးပေါင်း၍ ဦးဆောင်ကျင်းပခဲ့ပြီး ဌာနဆိုင်ရာအစိုးရအရာရှိများက လာရောက်ရှင်းလင်းဟောပြောခဲ့သည်။ အဖွဲ့ဝင်များအပါ အ၀င် အလုပ်သမား ၃၀၀ ကျော်တက်ရောက်ခဲ့သည်။
၇.၂.၂၀၁၀ နေ့တွင် H.R.D.F နှင့် ရတ်စ်ထိုင်းအဖွဲ့တို့နှင့် ပူပေါင်း၍ ယာယီပတ်စ်ပို့ပြုလုပ်ခြင်းနှင့်အခွင့်အရေးရပိုင်ခွင့်ကို ၀ပ်ပေါင့်ကျောင်းတွင် ပြုလုပ်ခဲ့ပြီး အလုပ်သမားအင်အား ၃၀၀ ကျော်တက်ရောက်ခဲ့သည်။
၁၆.၂.၂၀၁၀ နေ့တွင် ထိုင်းအလုပ်သမားသမဂ္ဂများနှင့်ပူးပေါင်းပြီး UN-ILO ရုံးနှင့် ထိုင်းဝန်ကြီးချုပ်ရုံးတွင် ယာယီပတ်စ်ပို့ပြုလုပ်ခြင်းနှင့်ခေါင်းပုံ ဖြတ်ခြင်းဆိုင်ရာတို့အတွက် တောင်းဆိုချက်များတင်သွင်းခဲ့ပြီး အဖွဲ့ဝင် ၅၀ကျော်က ပူးပေါင်းပါဝင် ချီတက်ခဲ့သည်။
၁.၅.၂၀၁၀ နေ့တွင် ကမ္ဘာ့အလုပ်သမားနေ့အထိမ်းအမှတ် ချီတက်ပွဲကို ဘန်ကောက်တွင်ကျင်းပရာ အဖွဲ့ဝင် ၆၀ကျော်က ရွှေ့ပြောင်းအလုပ် သမားကိုယ်စား တက်ရောက်ချီတက်ခဲ့ပါသည်။
၁၂.၇.၂၀၁၀ နေ့တွင် ထိုင်းအလုပ်သမားသမဂ္ဂများနှင့်ပူးပေါင်း၍ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှုနစ်နာကြေးဆိုင်ရာအခွင့်အရေးအတွက် ထိုင်းအလုပ်သမားဝန်ကြီးကိုတွေ့ဆုံပြီး တောင်းဆိုလွှာကို တင်သွင်းခဲ့သည်။
၁၉.၇.၂၀၁၀ နေ့တွင် ထိုင်းအလုပ်သမားသမဂ္ဂများနှင့်ပူးပေါင်း၍ ဖမ်းဆီးခြင်းနှင့်လူကုန်ကူးခြင်းဆိုင်ရာအတွက် တောင်းဆိုချက်ကို ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ထံ သွားရောက်တင်သွင်းရာ ၀န်ကြီးချုပ်ကိုယ်စား ၀န်ကြီးချုပ်ရုံးဝန်ကြီးမှ လက်ခံရယူသွားပါသည်။
အသိပညာတိုးပွါးရေးနှင့်ဘာသာစကားတတ်မြောက်ရေးဆောင်ရွက်ခြင်း
၁.၅.၂၀၁၀ နေ့မှစတင်၍ H.R.D.F အဖွဲ့နှင့်ပူးပေါင်းပြီး M.W.R.N စာကြည့်တိုက်ကိုဖွင့်လှစ်ပြီး စာအုပ်စာပေငှားရမ်းပေးခြင်း သင်တန်းသားစုစု ပေါင်း ၂၇၀ ဦးကို တနင်္ဂနွေ၊အင်္ဂါ အပတ်စဉ် အင်္ဂလိပ်စာ၊ထိုင်းစာ သင်ကြားပေးခြင်းတို့ကိုအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်။
လုပ်ငန်းခွင်တွင်းထိခိုက်ဒဏ်ရာရရှိသူများကို ကူညီထောက်ပံ့လှူဒါန်းခြင်း
ဒီဇင်ဘာလ ၂၀၀၉ခုနှစ်မှစတင်ပြီး လုပ်ငန်းခွင်တွင်ထိခိုက်ဒဏ်ရာရှိပြီး အမှုရင်ဆိုင်စဉ်ကာလ နေရေးထိုင်ရေးအခက်အခဲရှိနေသော အလုပ် သမားများကို ၂၅၀၀-၃၀၀၀ ဘတ်အထိ လစဉ်ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။ ထို့အပြင် လုပ်ငန်းခွင်တွင်ထိခိုက်ဒဏ်ရာရပြီး အောက်ပိုင်းသေ သွားသည့်လူနာ မြန်မာပြည်ပြန်ရန်အတွက်လည်း အဖွဲ့၏ကူညီရေးရန်ပုံငွေမှ ၅၀၀၀ဘတ် နှင့်ရွှေ့ပြောင်းအလုပ်သမားများ၏စုပေါင်းထည့်ငွေ ၁၁၀၀၀ဘတ် စုစုပေါင်း ၁၆၀၀၀ဘတ်ကို ၇.၇.၂၀၁၀ နေ့တွင် ထောက်ပံ့လှူဒါန်းနိုင်ခဲ့ပါသည်။
ရပ်ကွက်နယ်မြေများတွင်သွားရောက်၍ ပညာပေးဟောပြောခြင်းများ
အဖွဲ့၏ကော်မတီဝင်များသည် ရပ်ကွက်နယ်မြေများသို့ ပညာပေးဟောပြောခြင်းများပြုလုပ်ခဲ့ရာတွင် ပြီးခဲ့သည့် ၁နှစ်အတွင်း ၁၀ကြိမ်နယ်မြေ ဆင်း၍ ကျား၁၇၀ မ၈၉ စုစုပေါင်း ၂၅၉ဦး နှင့်တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပြီး စာရွက်စာတမ်းများ ဖြန့်ဝေနိုင်ခဲ့သည်။ ထိုနယ်မြေဆင်းမှုများမှာ -
၁၆.၈.၂၀၀၉ - ၀ပ်လန်စန်ရပ်ကွက်နယ်မြေ
၆.၉.၂၀၀၉ - ဆွယ်နလုံမစ် ၁ လမ်း
၂၈.၉.၂၀၀၉ - မာရင်းဂိုးအလုပ်ရုံနှင့်အနီး
၃.၁၀.၂၀၀၉ - မူဆီရပ်ကွက်
၁.၁၁.၂၀၀၉ - ၀ပ်ကေတုမ်ရပ်ကွက်
၂.၅.၂၀၁၀ - ဘန်းကျစပ်ရပ်ကွက်
၉.၅.၂၀၁၀ - ထာ့ချလောင်ရပ်ကွက်
၆.၆.၂၀၁၀ - အုမ်းနွဲ့ ၃ လမ်းရပ်ကွက်
၁၃.၆.၂၀၁၀ - နိခုမ်နယ်မြေ
၎.၇.၂၀၁၀ - မူဆီရပ်ကွက် တို့တွင် ကော်မတီဝင်များကသွားရောက်ပြီး ရပ်ကွက်နယ်မြေခံအလုပ်သမားများနှင့်တွေ့ဆုံပြီး အလုပ်သမားတို့၏ အခွင့်အရေး၊အခက်အခဲ၊ပြဿနာများကို ဆွေးနွေးတိုင်ပင်ခြင်းများ ဟောပြောခြင်းများပြုလုပ်ခဲ့ကြပါသည်။
အဖွဲ့၏ဘဏ္ဍာရေး ၀င်ငွေ/သုံးငွေ နှင့် လက်ကျန်ငွေရှင်းတမ်းအကျဉ်းချုပ်
လစဉ် | ၀င်ငွေ | ထွက်ငွေ | လက်ကျန်ငွေ |
၎လပိုင်း ၂၀၀၉ | ၆၆၀၀ ဘတ် | ၃၀၄၆ဘတ် | ၃၅၅၄ ဘတ် |
၅လပိုင်း ၂၀၀၉ | ၉၂၀၅ ဘတ် | ၁၅၂၈ဘတ် | ၇၆၇၆ ဘတ် |
၆လပိုင်း ၂၀၀၉ | ၁၃၃၇၆ ဘတ် | ၂၉၃၇ဘတ် | ၁၀၄၃၉ ဘတ် |
၇လပိုင်း ၂၀၀၉ | ၁၆၃၃၉ ဘတ် | ၄၅၆၇ဘတ် | ၁၁၇၇၂ ဘတ် |
၈လပိုင်း ၂၀၀၉ | ၁၇၃၂၂ | ၅၄၅၈ | ၁၁၈၆၄ |
၉လပိုင်း ၂၀၀၉ | ၁၇၂၅၄ | ၁၆၅၁၀ | ၇၄၄ |
၁၀လပိုင်း ၂၀၀၉ | ၁၈၃၆၂ | ၁၉၇၀ | ၁၆၃၉၂ |
၁၁လပိုင်း ၂၀၀၉ | ၁၈၄၃၂ | ၁၆၂၀ | ၁၆၈၁၂ |
၁၂လပိုင်း ၂၀၀၉ | ၂၅၁၁၄ | ၅၉၂၄ | ၁၉၁၉၀ |
၁လပိုင်း ၂၀၁၀ | ၂၃၆၉၀ | ၅၀၀ | ၂၃၁၉၀ |
၂လပိုင်း ၂၁၁၀ | ၂၃၁၉၀ | ၁၄၈၉၀ | ၈၃၀၀ |
၃လပိုင်း ၂၀၁၀ | ၈၃၀၀ | - | ၈၃၀၀ |
၎လပိုင်း ၂၀၁၀ | ၈၃၀၀ | - | ၈၃၀၀ |
၅လပိုင်း ၂၀၁၀ | ၁၄၇၅၉ | ၂၀၉၇ | ၁၂၆၆၂ |
၆လပိုင်း ၂၀၁၀ | ၁၄၆၃၂ | ၃၉၈၉ | ၁၀၆၄၃ |
၇လပိုင်း ၂၀၁၀ | ၁၇၄၈၃ | ၁၆၉ | ၁၇၃၁၄ |
၇လပိုင်းအပြီးတွင် အဖွဲ့၏လက်ကျန်ငွေ = ၁၇၃၁၄ ဘတ်



20:42
mwrn

Posted in:
0 comments:
Post a Comment