Thursday, 6 January 2011

Rules and Regulations


ရွှေ့ပြောင်းအလုပ်သမားများအတွက်အခွင့်အရေးကွန်ယက်၏ စည်းကမ်းချက်၊ ဖွဲ့စည်းပုံနှင့် တာဝန်ဝတ္တရားများ

အပိုင်း(၁)
အထွေထွေအချက်များ
၁။ အဖွဲ့အမည်။                 ။ ရွှေ့ပြောင်းအလုပ်သမားများအခွင့်အရေးကွန်ယက်
                                      အင်္ဂလိပ်ဘာသာဖြင့်အတိုကောက်(M.W.R.N)

၂။ အဖွဲ့၏အမှတ်တံဆိပ်။     ။
၂.၁။ အမှတ်တံဆိပ်၏အဓိပ္ပါယ်။        ။လက်ခုနစ်ဖက်သည်အဖွဲ့ဝင်ဖြစ်သောလုပ်ငန်းခုနစ်မျိုးမှအလုပ်သမားများက ကိုယ်စားပြုသည်။ု                     
                                                တက်သစ်စနေမင်းသည် အလုပ်သမားများအတွက်နေ့သစ်(ဘ၀သစ်)ကို ကိုယ်စားပြုသည်။          
                                                ချိန်ခွင်သည် တရားမျှတမှု၊ တန်းတူညီမျှမှုကို ကိုယ်စားပြုသည်။
                                                ပင်လယ်သည် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်ကိုစတင် ဦးစီးထူထောင်သော       ပင်လယ်နှင့်ရေထွက်ပစ္စည်းအလုပ်သမားများကို ကိုယ်စားပြုရည်ညွှန်းသည်။

၂.၂။ တည်နေရာ။        ။93/200 စေထကစ်လမ်း 1 အစု7 ထာ့စိုင်းနယ်မြေ စမွတ်စာခွန်မြို့ စမွတ်စာခွန်ခရိုင်။


၃။ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်အဖွဲ့၏ ရည်ရွယ်ချက်များ
၃.၁။ နိုင်ငံတကာစံနှုန်းနှင့်အညီ အလုပ်သမားအခွင့်အရေးများနှင့်အခြားအခွင့်အရေးများကို ဥပဒေပြဌာန်းချက်အတိုင်း တန်းတူညီမျှ ခံစားရရှိအောင်ပံ့ပိုးကူညီဆောင်ရွက်ပေးရန်။
၃.၂။ ညီညွတ်သော အစုအဖွဲ့ဖြစ်ပေါ်လာရန်နှင့် ထိုင်းနယ်မြေခံများ၊ ထိုင်းအလုပ်သမားများနှင့် ရွှေ့ပြောင်းအလုပ်သမားများကြားတွင်     အတူတကွ ပူးပေါင်းဆောင်ရွက်မှုများဖြစ်ပေါ်လာစေရန်။
၃.၃။ ရပ်ကွက်နယ်မြေများနှင့်အလုပ်သမားများကို အသိပညာများဖြန့်ဝေပေးနိုင်ရန်။
၃.၄။ အမှုကိစ္စများကို တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပေးခြင်းနှင့် ကူညီဆောင်ရွက်ထောက်ပံ့မှုများပေးနိုင်ရန်။
၃.၅။ ရပ်ကွက်နယ်မြေများ၏ရိုးရာယဉ်ကျေးမှုနှင့် လူမှုရေး၊ ဘာသာရေးဆိုင်ရာတို့တွင် ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရန်။

အပိုင်း(၂)
အဖွဲ့ဝင်များ
၎။ အဖွဲ့ဝင်ဖြစ်ရန်လိုအပ်သောအချက်များ
၎.၁။ အသက်(၁၅)နှစ်အောက်မငယ်ရ။ အလုပ်ရှင်၏လူယုံ(သို့မဟုတ်) ကြီးကြပ်အုပ်ချုပ်သူ မဖြစ်ရ။
၎.၂။ ထိုင်းနိုင်တွင်အလုပ်လုပ်နေသည့ှ် အလုပ်သမားများသာဖြစ်ရမည်။
၎.၃။ အဖွဲ့အပေါ်သစ္စာရှိပြီးရိုးသားဖြောင့်မတ်ရမည်၊ အဖွဲ့ကိုအမှီပြုပြီး ကိုယ်ကျိုးရှာသူမဖြစ်ရ။
၎.၄။ အများအကျိုးသည်ပိုးလိုသူ၊ အနစ်နာခံတတ်သူ၊ ကိုယ်ချင်းစာတတ်သူဖြစ်ရမည်။
၎.၅။ ရာဇ၀တ်ဥပဒေနှင့်ငြိစွန်းနေ၍ အပြစ်ပေးခံ၊ အမှုရင်ဆိုင်နေသူ မဖြစ်ရ။
၎.၆။ စိတ်ရောဂါရှိသူမဖြစ်ရ
၎.၇။ အခြားသော အန်ဂျီအိုမှ တာဝန်ရှိဝန်ထမ်းမဖြစ်ရ။ အကယ်၍ အခြားသောလူမှုရေးအဖွဲ့ဝင်ဖြစ်ပါက ကော်မတီ၏ဆုံးဖြတ်ချက်ကို    အတည်ပြုပြီးမှသာ အဖွဲ့ဝင်ဖြစ်ခွင့်ရရှိမည်ဖြစ်သည်။

၅။ အဖွဲ့ဝင်အဖြစ်လျှောက်ထားပြီးလျှင်အောက်ပါအတိုင်းဝင်ကြေး၊လစဉ်ကြေးပေးဆောင်ရမည်။
၅.၁။ အဖွဲ့ဝင်အဖြစ်ဝင်ကြေး တစ်ဦးလျှင် ၅၀ ဘတ်ပေးဆောင်ရမည်။
၅.၂။ လစဉ်ကြေး  တစ်လ ၃၀ ဘတ် ကို လစဉ် 10 ရက်နေ့မတိုင်မီ ပေးသွင်းသွားရမည်။ လျှောက်လွှာတင်ပြီးပါက ကော်မတီမှ အဖွဲ့ဝင်ဖြစ်ရန်လိုအပ်ချက်များနှင့်ကိုက်ညီမှုရှိ မရှိ စစ်ဆေးလက်ခံမည်ဖြစ်ပြီး အဖွဲ့ဝင်ကဒ်ကိုရက်ပေါင်း 30 အတွင်းထုတ် ပေးမည် ဖြစ်သည်။

၆။ အဖွဲ့ဝင်အဖြစ်မှရပ်စဲခြင်း၊ထုတ်ပယ်ခြင်း
၆.၁။ သေဆုံးခြင်း
၆.၂။ ကော်မတီအဖွဲ့ဝင်ထံသို့နှုတ်ထွက်လွှာတင်သွင်းပြီးနောက် ကော်မတီအစည်းအဝေးမှ မဲခွဲ၍နှုတ်ထွက်ခွင့်ပြုလိုက်ခြင်း
၆.၃။ သင်းလုံးကျွတ်စည်းဝေးပွဲမှ အဖွဲ့၏ပျက်စီးရာပျက်ဆီးကြောင်းကိုလုပ်ဆောင်သူအဖြစ် စွဲချက်တင်၍ ထုတ်ပယ်ခြင်း
၆.၄။ အချက် ၄ တွင်ပြဌာန်းထားသောအချက်များကို မလိုက်နာခြင်း
၆.၅။ လစဉ်ကြေးပေးသွင်းရန် ၃လ ဆက်တိုက်ပျက်ကွက်သူ

၇။ အဖွဲ့ဝင်တို့၏တာဝန်များ
၇.၁။ အဖွဲ့ဝင်ဦးရေတိုးပွါးလာရန် ၀ိုင်ဝန်းကူညီပေးရမည်။
၇.၂။ အဖွဲ့မှအစည်းအဝေးခေါ်ပါက တက်ရောက်နိုင်ရမည်ဖြစ်ပြီး အချိန်တိကျစွာလာရမည်။
၇.၃။ အဖွဲ့၏စည်းကမ်းကို တိကျစွာလိုက်နာရမည်။
၇.၄။ အဖွဲ့၏အကျိုးစီးပွါးကို ဦးစားပေးဆောင်ရွက်ရမည်။ ကိုယ်ကျိုးစီးပွါးကိုရှေ့တန်းမတင်ရ။

၈။ အဖွဲ့ဝင်တို့လိုက်နာလုပ်ဆောင်ရန်အချက်များ
 ၈.၁။အဖွဲ့မှဦးဆောင်ပြုလုပ်သော လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်ရမည်။ မအားလပ်ပါကကော်မတီဝင်များကို အသိ ပေးအကြောင်းကြားရမည်။
၈.၂။ အဖွဲ့ဝင်များတိုးပွါးလာရေးအတွက် အဖွဲ့၏လုပ်ဆောင်ချက်များကို အများနားလည်အောင် ဖြန့်ဝေပေးရမည်။
၈.၃။ အဖွဲ့၏ရည်မှန်းချက် စည်းကမ်းချက်များအတိုင်း လိုက်နာလုပ်ဆောင်ရမည်။
၈.၄။ နေထိုင်လုပ်ကိုင်မှုများပြောင်းရွှေ့ပါကကော်မတီဝင်များကိုပြောင်းရွှေ့ပြီး(၇) ရက်အတွင်းအကြောင်းကြားရမည်။

၉။ အဖွဲ့ဝင်တို့၏အခွင့်အရေးများ
၁။ အဖွဲ့ဝင်တစ်ဦးဦးသည် အခွင့်အရေးချိုးဖေါက်ခံရပါက အဖွဲ့ထံအကူအညီတောင်းခံပိုင်ခွင့်ရှိသည်။
၂။ အစည်းအဝေများတွင် မိမိ၏ထင်မြင်ချက်ကိုထုတ်ဖေါ်တင်ပြနိုင်သည့် တန်းတူအခွင့်အရေးရှိသည်။
၃။ အခွင့်အရေးဆိုင်ရာအသိပညာများနှင့်အဖွဲ့၏လုပ်ဆောင်ချက်များကို သိရှိပိုင်ခွင့်ရှိသည်။
၎။ အဖွဲ့၏စည်းကမ်းချက်ကို ချိုးဖေါက်သောအဖွဲ့ဝင်သည် ထင်မြင်ချက်တင်ပြပိုင်ခွင့်နှင့်အဖွဲ့မှအကူညီတောင်းပိုင်ခွင့်ကို ရုတ်သိမ်းခံရ မည်ဖြစ်သည်။

အပိုဒ်(၃)
ကော်မတီအဖွဲ့နှင့်ဆပ်ကော်မတီ
၁၀။ ကော်မတီအဖွဲ့နှင့်ဆပ်ကော်မတီဦးရေနှင့်တာန်ဝန်ထမ်းဆောင်သည့်သက်တမ်းကာလ
၁၀.၁။ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်အဖွဲ့ကြီး၏ ကော်မတီအဖွဲ့ကိုဖွဲ့စည်းရာတွင် အနည်းဆုံး ၁၁ဦး နှင့် အများဆုံး ၂၁ဦး ရှိရမည်ဖြစ်သည်။ ထိုကော်မတီအဖွဲ့ကို သင်းလုံးကျွတ်အစည်းအဝေးကသာ အများသဘောတူ ရွေးချယ်တင်မြှောက်ရမည်ဖြစ် သည်။ ကော်မတီအဖွဲ့ ၂၁ဦး ထက်ကျော်လျှင် သင်းလုံးကျွတ်အစည်းဝေးပွဲတွင်ရွေးကောက်ပွဲလုပ်၍ ရွေးချယ်ရမည်။
၁၀.၂။ ကော်မတီအဖွဲ့နှင့်ဆပ်ကော်မတီ၏သက်တမ်းကာလမှာ ၁နှစ်ဖြစ်ပြီး အကယ်၍သက်တမ်းပြည့်သွားသော်လည်း သင်းလုံးကျွတ် စည်းဝေးပွဲမလုပ်ရသေးလျှင် တာဝန်များကို ယာယီဆက်လက်ထိန်းသိမ်းထားရမည်ဖြစ်သည်။ သင်းလုံးကျွတ်စည်းဝေးပွဲကျင်းပပြီး ကော်မတီအဖွဲ့သစ်များရွေးချယ်ပြီးစီးလျှင် ထိုအဖွဲ့သစ်သို့ တာဝန်များလွှဲပြောင်းပေးရမည်။
၁၀.၃။ ကော်မတီဝင်များ လုပ်အားဖြည့်ရန်လိုအပ်လာပါက ဆပ်ကော်မတီကို အဖွဲ့၏လပတ်စည်းဝေးပွဲတွင် ၉ဦးထိ ရွေးချယ်တင် မြှောက်ခွင့်ရှိသည်။ ထိုဆပ်ကော်မတီ၏သက်တမ်းသည် ကော်မတီအဖွဲ့နှင့် တန်းတူဖြစ်သည်။

၁၁။ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်အဖွဲ့၏ကော်မတီ၊ဆပ်ကော်မတီတို့ထမ်းဆောင်ရမည့် ရာထူးနှင့်တာဝန်များ
၁၁.၁။ ဥက္ကဌ       -အဖွဲ့၏ခေါင်းဆောင်အဖြစ်တာဝန်ယူစီမံခံ့ခွဲရမည်ဖြစ်ပြီး အဖွဲ့ကိုကိုယ်စားပြုပြီးအခြားသူများကိုဆက်သွယ်ရန် တာဝန်ယူရမည်။ လစဉ်ကော်မတီအစည်းအဝေးပွဲ၊ နှစ်စဉ်သင်းလုံးကျွတ်အစည်းအဝေးပွဲများတွင် သဘာပတိတာဝန်ယူ၍ ဦးဆောင် ကျင်းပပေးရမည်ဖြစ်သည်။ အစည်းဝေးမှချမှတ်ထားသည်များကို အကောင်ထည်ဖေါ်လုပ်ဆောင်ရမည်ဖြစ်သည်။
၁၁.၂။ ဒု-ဥက္ကဌ   -ဥက္ကဌ၏လုပ်ငန်းစဉ်များကို ကူညီလုပ်ဆောင်ပေးခြင်း၊ အစည်းဝေးပွဲတွင် ဥက္ကဌမတက်နိုင်လျှင် သဘာပတိတာဝန် ကိုယူပေးခြင်း၊ သက်ဆိုင်ရာကော်မတီတို့နှင့်ပူးပေါင်းပြီး ရှေ့လုပ်ငန်းစဉ်ရေးဆွဲချမှတ်ခြင်းနှင့် စည်းဝေးပွဲမှချမှတ်တာဝန်ပေးအပ်ခြင်း များကို အကောင်ထည်ဖေါ်လုပ်ဆောင်ပေးရမည်ဖြစ်သည်။
၁၁.၃။ အတွင်းရေးမှူး       -အဖွဲ့၏အစည်းဝေးပွဲများကိုမှတ်တမ်းတင်ပြုစုခြင်း၊ လစဉ်အစည်းဝေးပွဲများနှင့်နှစ်စဉ်အစည်းဝေးပွဲများဖြစ် မြောက်အောင် စီစဉ်လုပ်ဆောင်ခြင်းနှင့် စည်းဝေးပွဲမှချမှတ်တာဝန်ပေးအပ်သည်များကို လုပ်ဆောင်ရမည်ဖြစ်သည်။
၁၁.၄။ ဒု-အတွင်းရေးမှူး   -အတွင်းရေးမှူးပျက်ကွက်လျှင်ကိုယ်စားတာဝန်ယူရမည်ဖြစ်ပြီး စည်းဝေးပွဲမှချမှတ်တာဝန်ပေးအပ်သည့် အတိုင်း အကောင်ထည်ဖေါ်လုပ်ဆောင်ရမည်ဖြစ်သည်။
၁၁.၅။ ဘဏ္ဍာရေးမှူး        -အဖွဲ့၏၀င်ငွေ၊ ထွက်ငွေစာရင်းကိုပြုလုပ်ရမည်ဖြစ်ပြီး ငွေစာရင်းရှင်းတမ်းကို လစဉ်ကော်မတီအစည်းဝေး နှင့်နှစ်ပတ်လည်အစည်းအဝေးများတွင်တင်ပြ၍ အတည်ပြုချက်တောင်းခံရမည်ဖြစ်သည်။ အဖွဲ့၏ငွေရေးကြေးရေးကို စဉ်ဆက်မပြတ် စီမံရမည်၊ ဥပမာ-လစဉ်ကြေးကောက်ခံမှု...အစရှိသည်တို့ဖြစ်သည်။ ထို့အပြင် အသင်း၏အပိုဝင်ငွေရရှိရေးကို လုပ်ငန်းစဉ်ရေးဆွဲပြီး အကောင်ထည်ဖေါ်ဆောင်ရွက်ရမည်။ အစည်းဝေးမှတာဝန်ပေးချက်အတိုင်းလုပ်ဆောင်ရမည်။
၁၁.၆။ မှတ်ပုံတင်ဌာနမှူး   -အဖွဲ့ဝင်များ၏စာရွက်စာတမ်းများပြုစုစာရင်းသွင်းခြင်း၊ အဖွဲ့ဝင်ကဒ်ပြုလုပ်ပေးခြင်း၊ လပတ်အစည်းဝေး တွင် အဖွဲ့ဝင်ဦးရေကိုတင်ပြခြင်း၊ အပြောင်းအရွှေ့ အတိုးအလျော့စာရင်းများပြုလုပ်ခြင်း၊ အဖွဲ့ဝင်သစ်ရရှိရေးအတွင်လုပ်ငန်းစဉ်ရေးဆွဲ အကောင်ထည်ဖေါ်ဆောင်ရွက်ခြင်းနှင့် အစည်းဝေးမှတာဝန်ပေးအပ်သည့်အတိုင်းလုပ်ဆောင်ရမည်ဖြစ်သည်။
၁၁.၇။ ပြန်ကြားရေးမှူး     -အဖွဲ့နှင့်ပတ်သက်သည့်သတင်းအချက်လက်လုပ်ဆောင်မှုများကို ပံနှိပ်ဖြန့်ဝေခြင်း၊ လက်ကမ်းစာစောင်ပြု လုပ်ဖြန့်ဝေ၍ ရပ်ကွက်နယ်မြေများတွင်အဖွဲ့အကြောင်းအများသိအောင်ပြုလုပ်ရမည်။ အစည်းဝေးမှတာဝန်ပေးသည်များကိုလုပ် ဆောင်ရမည်ဖြစ်သည်။
၁၁.၈။ ၀န်ဆောင်ရေးမှူး   -အဖွဲ့ဝင်များအခွင့်အရေးအတွက် ၀န်ဆောင်မှုများပေးရမည်။ အဖွဲ့ဝင်များ အခက်အခဲပြဿနာများကို ဆွေးနွေးတိုင်ပင်ကူညီပေးခြင်းများပြုလုပ်ပေးရမည်။ အစည်းဝေးမှချမှတ်ပေးသည့်တာဝန်များကို လုပ်ဆောင်ရမည်ဖြစ်သည်။
၁၁.၉။ ပညာရေးနှင့်လှုံ့ဆော်ရေးမှူး           - အလုပ်သမားတို့၏အခက်အခဲပြဿနာများကို စုဆောင်းမှတ်တမ်းတင်ရမည်။ ကော်မတီဝင် များနှင့်အဖွဲ့ဝင်များကို အသိပညာပေးသင်တန်းပြုလုပ်ပေးခြင်း၊ ရပ်ကွက်နယ်မြေများတွင်ပညာပေးခြင်းနှင့် လှုံ့ဆော်ရေးများပြုလုပ်ရန် အခြားမဟာမိတ်အဖွဲ့များကိုဆက်သွယ်ခြင်းတို့ကိုပြုလုပ်ရမည်။ အစည်းအဝေးမှချမှတ်တာဝန်ပေးအပ်သည်တို့ကို လုပ်ဆောင်ရမည်။
၁၁.၁၀။ ဆပ်ကော်မတီ     -ကော်မတီဝင်များတာဝန်ပေးသည်များကို လုပ်ဆောင်ပေးရမည်။

၁၂။ ကော်မတီဝင်များလိုက်နာလုပ်ဆောင်ရမည့်အချက်များ
၁၂.၁။ ကော်မတီဝင်တစ်ဦးသည် အဖွဲ့ပိုင်ပစ္စည်းကို ယူဆောင်အသုံးပြုလိုပါက အခြားကော်မတီဝင်များ အနည်းဆုံးငါးဦး သဘောတူ ညီမှသာ ယူဆောင်အသုံးပြုရမည်။
၁၂.၂။ ဆုံးဖြတ်ချက်တခုကို အတည်ပြုမည်ဆိုပါက အစည်းအဝေးရှိကော်မတီ သုံးပုံနှစ်ပုံထောက်ခံမှသာ အတည်ပြုရမည်ဖြစ်သည်။
၁၂.၃။ အရေးပေါ်အစည်းအဝေးခေါ်ယူလျှင် ကော်မတီဝင်တိုင်း တက်ရောက်နိုင်ရမည်။
၁၂.၄။ အခြားအဖွဲ့များက အစည်းအဝေးသင်တန်းဖိတ်ခေါ်လာလျှင် ကော်မတီဝင် အနည်းဆုံးတစ်ဦး စေလွှတ်ပေးရမည်။
၁၂.၅။ ထိုအစည်းအဝေးသင်တန်းတက်ရောက်သောကော်မတီဝင်သည် ရရှိလာသောအချက်အလက်များကို အခြားသောကော်မတီ ၀င်များသိရှိစေရန် ဖြန့်ဖြူးပေးရမည်။

၁၃။ ကော်မတီဝင်နှင့်ဆပ်ကော်မတီအဖြစ်မှထုတ်ပယ်ခြင်း
၁၃.၁။ သေဆုံးခြင်း
၁၃.၂။ အဖွဲ့ဝင်အရည်အချင်းနှင့်မကိုက်ညီခြင်း
၁၂.၃။ ကော်မတီအစည်းအဝေးမှ မဲအရည်အတွက်ထက်ဝက်ကျော်ဖြင့်ထုတ်ပယ်ခြင်း
၁၃.၄။ နှုတ်ထွက်လွှာရေးတင်ပြီးနောက်ကော်မတီအစည်းဝေးက မဲထက်ဝက်ကျော်ဖြင့်နှုတ်ထွက်ခွင့်ပြုခြင်း

၁၄။ ကော်မတီအဖွဲ့၏လုပ်ပိုင်ခွင့်တာဝန်များ
၁၄.၁။ အဖွဲ့ဝင်များလိုက်နာလုပ်ဆောင်ရန် စည်းကမ်းချက်များကို အဖွဲ့၏စည်းကမ်းချက်နှင့်အညီ ထုတ်ပြန်ပိုင်ခွင့်ရှိသည်။
၁၄.၂။ ကော်မတီအဖွဲ့၏အကြံပေးပုဂ္ဂိုလ်နှင့်ဆပ်ကော်မတီကို သတ်မှတ်ဖွဲ့စည်းပိုင်ခွင့်ရှိသည်။
၁၄.၃။ ဤဖွဲ့စည်းပုံတွင်မပါဝင်သော ရာထူးအသစ်များကို သင့်တော်သလိုတင်မြှောက်ပိုင်ခွင့်ရှိပြီး ၎င်းကို ကော်မတီအစည်းဝေးမှ သဘောတူပြီးသားဖြစ်ရမည်။
၁၄.၄။ အဖွဲ့၏ ၀င်ငွေ၊ထွက်ငွေစာရင်းနှင့်အဖွဲ့ပိုင်ပစ္စည်းဥစ္စာစာရင်းကိုပြုစုရမည်ဖြစ်ပြီး လစဉ်ရှင်းတမ်းထုတ်ပြန်နိုင်ရမည်။
၁၄.၅။ အဖွဲ့ဝင်လူဦးရေစာရင်းကိုပြုလုပ်ပြီး လစဉ်အစည်းဝေးပွဲတင်ရှင်းလင်းတင်ပြရမည်။
၁၄.၆။ အဖွဲ့၏လုပ်ဆောင်ချက်များ၊လစဉ်အစည်းဝေးမှတ်တမ်းများပြုလုပ်ပြီး ထုတ်ပြန်ပေးရမည်။
၁၄.၇။ အဖွဲ့၏စာရွက်စာတမ်း၊မှတ်တမ်းမှတ်ရာစသည်တို့ကို ပြုစုရမည်ဖြစ်ပြီး အဖွဲ့အကြောင်း၊အဖွဲ့၏လုပ်ငန်းစဉ်များကို အများပြည်သူ နှင့်တကွအဖွဲ့ဝင်များသိရှိစေရန် ဖြန့်ဝေမှုများလုပ်ဆောင်ရမည်။ သက်သေခံမှတ်တမ်းကို စည်းကမ်းချက်နှင့်အညီပြုလုပ်ထားရမည်။
၁၄.၈။ အဖွဲ့၏စည်းကမ်းချက်ကပြဌာန်းထားသော အခြားတာဝန်များကိုလည်းထမ်းဆောင်ရမည်။

အပိုဒ် (၄)
အစည်းအဝေးပြုလုပ်ခြင်း
၁၅။ နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးနှင့် လစဉ်ကော်မတီအဖွဲ့ဝင်များ၏အစည်းအဝေး
၁၅.၁။ အဖွဲ့၏နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးကို ၁နှစ်တွင် ၁ကြိမ်ပြုလုပ်ဆောင်ရွက်ရမည်ဖြစ်ပြီး အောက်ပါခေါင်းစဉ်များ အတိုင်းစီစဉ်ဆောင်ရွက်ရမည်။
            ၁၅.၁.၁- ပြီးခဲ့သည့်နှစ်တွင်ဆောင်ရွက်ခဲ့သည်များကို အစီရင်ခံတင်ပြရမည်။
            ၁၅.၁.၂- ယခသင်းလုံးကျွတ်အစည်းဝေးမှတ်တမ်းကိုအတည်ပြုရမည်။
            ၁၅.၁.၃- အဖွဲ့၏ဘဏ္ဍာရေးရှင်းတမ်းငွေကြေးအခြေအနေကို ရှင်းလင်းတင်ပြရမည်။
            ၁၅.၁.၄- ကော်မတီအဖွဲ့အသစ်ကို ရွေးချယ်(သို့)ရွေးကောက်တင်မြှောက်ရမည်။
            ၁၅.၁.၅- အဖွဲ့၏စည်းကမ်းချက်ပိုင်းပြင်ဆင်၊ဖြည့်စွက်၊ထုတ်နှုတ်လိုပါက အစည်းဝေးတွင် တင်ပြအတည်ပြုရမည်။
            ၁၅.၁.၆- အခြားအချက်များ....(ရှိပါက)
၁၅.၂။ ကော်မတီအဖွဲ့၏တွေ့ဆုံစည်းဝေးပွဲများကို လစဉ်(သို့)လိုအပ်ပါက အရေးပေါ်ပြုလုပ်ရမည်ဖြစ်ပြီး ထိုလပတ်အစည်းအဝေးတွင် အောက်ပါခေါင်းစဉ်များအတိုင်းစီစဉ်ဆောင်ရွက်ရမည်။
            ၁၅.၂.၁- အသိပေးစရာများကိုပြောကြားခြင်း
            ၁၅.၂.၂- ပြီးခဲ့သည့်လ အစည်းအဝေးမှတ်တမ်းကိုအတည်ပြုခြင်း
            ၁၅.၂.၃- အဖွဲ့၏ဘဏ္ဍာရေးအခြေအနေတိုတင်ပြခြင်း
            ၁၅.၂.၄- သက်ဆိုင်ရာကော်မတီများ၏လုပ်ဆောင်ခဲ့မှုများကို တစ်ဦးချင်းတင်ပြခြင်း
            ၁၅.၂.၅- ညှိုနှိုင်းဆွေးနွေးလိုသည့်အချက်များကို တင်ပြဆွေးနွေးခြင်း
            ၁၅.၂.၆- ရှေ့လ လပတ်အစည်းအဝေးပြုလုပ်မည့် နေ့ရက်၊အချိန်၊နေရာတို့ကို အတည်ပြုခြင်း
            ၁၅.၂.၇- အခြားအကြောင်းအရာများ....(ရှိပါက)
၁၅.၃။ နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးကို ၁နှစ်တွင် ၁ကြိမ်ထပ်ပို၍ပြုလုပ်လိုလျှင် အဖွဲ့ဝင်ဦးရေ၏ ၃ပုံ ၂ပုံက လက်မှတ် ထိုးပြီးကော်မတီအဖွဲ့ကို စာရေးတောင်းဆိုနိုင်သည်။
၁၆။ သင်းလုံးကျွတ်အစည်းဝေးပွဲကြီးကျင်းပလျှင် ကော်မတီအဖွဲ့သည် အစည်းအဝေးအစီအစဉ်၊ နေ့ရက် စသည်တို့ကိုလည်းကောင်း၊ ကော်မတီအဖွဲ့သစ်အဖြစ်ဝင်ရောက်အရွေးခံလိုသူများအတွက် လျှောက်လွှာများကိုလည်းကောင်း အဖွဲ့ဝင်အားလုံးသိစေရန်အကြောင်း ကြားဖြန့်ဝေပေးရမည်ဖြစ်ပြီး အဖွဲ့ရုံးခန်းတွင် အနည်းဆုံး ၇ ရက်မတိုင်ခင် ကြော်ငြာစာကပ်ထားပေးရမည်။
၁၇။ သင်းလုံးကျွတ်အစည်းဝေးပွဲကျင်းပလျှင် ထိုအချိန်တွင်ရှိနေသောအဖွဲ့ဝင်ဦးရေ၏ ထက်ဝက် အောက်မနည်း တက်ရောက်လာမှ သာ စည်းဝေးပွဲ အထမြောက်သည်ဟုယူရမည်။ စည်းဝေးပွဲတက်သူ ထက်ဝက်မပြည့်လျှင် ကော်မတီအဖွဲ့သည် ရက်ပေါင်း၃၀အတွင်း နောက်တစ်ကြိမ် စည်းဝေးပွဲထပ်လုပ်ပေးရမည်။ ထိုသို့နောက်တစ်ကြိမ်ထပ်လုပ်ပြီး လာရောက်သည့်အဖွဲ့ဝင်ဦးရေ ထက်ဝက် မပြည့် သေးလျှင်လည်း သင်းလုံးကျွတ်အစည်းဝေး အထမြောက်သည်ဟု ယူဆရမည်။
၁၈။ အစည်းဝေးပွဲတွင် ဆုံးဖြတ်ချက်ချမှတ်ရတွင် ထောက်ခံမဲအရေအတွက်ကိုလိုက်၍ အရှုံးအနိုင်သတ်မှတ်ရမည်။ မဲအရေတွက်တူ နေလျှင် အစည်းဝေးသဘာပတိက ဆုံးဖြတ်ပေးရမည်။
၁၉။ အဖွဲ့၏အစည်းဝေးပွဲများတွင် ဥက္ကဌ မလာရောက်ပါက ရှိနေသည့်ကော်မတီဝင်ထဲမှ တစ်ဦးကို အစည်းအဝေးသဘာပတိအဖြစ် တင်မြှောက်၍ အစည်းဝေးပွဲကိုဦးဆောင်စေရမည်။

အပိုဒ်(၅)
ဘဏ္ဍာရေးနှင့်ပိုင်ဆိုင်မှုပစ္စည်းများ
၂၀။ အဖွဲ့၏၀င်ငွေများမှာ-
            ၂၀.၁ - အဖွဲ့ဝင်တို့၏ ၀င်ကြေးနှင့်လစဉ်ကြေးများ
            ၂၀.၂- ဥပဒေနှင့်ညီညွတ်သောဝင်ငွေများ..ဥပမာ- ရန်ပုံငွေအတွက်ဈေးရောင်းခြင်း (သို့) အခြားသူများမှ ချွင်းချက်မရှိလှူခြင်း
၂၁။ အဖွဲ့၏ ဘဏ္ဍာငွေကိုသုံးစွဲခြင်းနှင့်ထိန်သိမ်းခြင်း
၂၁.၁။ ရန်ပုံငွေကို အဖွဲ့၏လုပ်ငန်းကိစ္စများတွင်သာ အသုံးပြုရမည်။ ဥပမာ- ခရီးစားရိတ်..စသည်
၂၁.၂။ ရန်ပုံငွေရှာရန်အတွက် အသုံးစားရိတ်ပြုလုပ်နိုင်သည်။ ဥပမာ- ကုန်ကြမ်းဝယ်ခြင်း
၂၁.၃။ အစည်းအဝေး၊ သင်တန်းများပြုလုပ်ရန် စားရိတ်အဖြစ် အသုံးပြုနိုင်သည်။
၂၁.၄။ အခွင့်အရေးချိုးဖေါက်ခံရသောအဖွဲ့ဝင်များကို ကူညီပေးရာတွင် စားရိတ်အဖြစ်သုံးနိုင်သည်။
၂၁.၅။ အဖွဲ့ကပြုလုပ်ဆောင်ရွက်နေသောလုပ်ငန်းစဉ်ကိစ္စရပ်များတွင်အသုံးပြုနိုင်သည်။
၂၁.၆။ အစည်းအဝေးမှဆုံးဖြတ်အတည်ပြုချက်ချထားသည့်ကိစ္စရပ်များတွင် အသုံးပြုနိုင်သည်။
၂၂။ အဖွဲ့ဥက္ကဌသည် ဘတ် ၃၀၀၀ ထက်မပိုသောငွေကြေးကို အသုံးပြုရန် အမိန့်ပေးပိုင်ခွင့်ရှိသည်။ ဘတ် ၃၀၀၀ ထက်ပိုသောအသုံး စားရိတ်များကို အသုံးပြုမည်ဆိုပါက ကော်မတီအစည်းအဝေးတွင် ခွင့်ပြုချက်တောင်းရမည်ဖြစ်ပြီး ထောက်ခံမဲထက်ဝက်ကျော်မှသာ အသုံးပြုခွင့်ရှိသည်။
၂၃။ ဘဏ္ဍာရေးမှူးသည် အဖွဲ့ပိုင်ငွေကို ဘတ်၃၀၀၀ထက်မပိုသော ပမာဏသာ လက်ဝယ်ထားပိုင်ခွင့်ရှိသည်။ ပိုသောငွေများကို ဘဏ် စာရင်းတွင်းသို့ ထည့်သွင်းထားရမည်။
၂၄။ ဥက္ကဌ၊အတွင်းရေးမှူး၊ဘဏ္ဍာရေးမှူး ထို၃ဦး မှ အဖွဲ့ပိုင်ငွေကို ဘဏ်စာရင်းဖွင့်အပ်နှံထားရမည်။ ဘဏ်မှငွေထုတ်မည်ဆိုပါက ထို၃ ဦးအနက် ၂ဦး၏ လက်မှတ်ပါမှသာ ထုတ်ခွင့်ရ ရမည်ဖြစ်သည်။

အပိုဒ်(၆)
အဖွဲ့၏စည်းကမ်းချက်များပြင်ဆင်ခြင်းနှင့် အဖွဲ့ကိုဖျက်သိမ်းခြင်း
၂၅။ အဖွဲ့၏စည်းကမ်းချက်ကို ပြင်ဆင်လိုလျှင် သင်းလုံးကျွတ်အစည်းဝေးမှသာ အများသဘောတူချက်ဖြင့် ပြင်ဆင်ရမည်။
၂၆။ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်အဖွဲ့ကို ဖျက်သိမ်းမည်ဆိုပါလျှင် သင်းလုံးကျွတ်အစည်းဝေးပွဲကြီးတွင်သာ အဖွဲ့၏ မအောင်မြင်မှု အကျိုးမရှိမှုတို့ကို ထောက်ပြအဆိုတင်သွင်းရမည်ဖြစ်ပြီး ထိုအဆိုကို အဖွဲ့ဝင်ဦးရေ၏ ၃ပုံ၂ပုံကထောက်ခံလျှင် အဖွဲ့ကို ဖျက်သိမ်းနိုင်သည်။
၂၇။ မည်သည့်အကြောင်းကြောင့်မဆို အဖွဲ့ကိုဖျက်သိမ်းမည်ဆိုလျှင် အဖွဲ့ပိုင်ပစ္စည်းဥစ္စာကို မည်သူကဆက်ခံစေမည့်အကြောင်း ထို အစည်းဝေးပွဲကြီးမှ ဆန္ဒမဲ ၃ပုံ၂ပုံ ကသတ်မှတ်ပေးရမည်။







0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes